တောင်ပေါ်ဒေသ ရေကြီးရေလျှံရခြင်း၏ အဓိကအကြောင်းအရင်းများတွင်
- မြို့ပြနေထိုင်မှု လျင်မြန်စွာ တိုးပွားလာပြီး လူဦးရေထူထပ်လာခြင်း၊
- စွန့်ပစ်ပစ္စည်းများ စုပုံခြင်းကြောင့် ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊
- ရေစီးရေလာကောင်းမွန်အောင် ထိန်းသိမ်းပြုပြင်မှု မရှိခြင်းတို့ ပါဝင်ပါသည်။
ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်များကို မခံစားကြရလေအောင် သဘာဝဂေဟ စနစ်ကြီး မှီတည်ရာ အရင်းအမြစ်ဖြစ်သော ရေသံသရာကြီးအား အလေးထား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်မှာ လူသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း။
