လွန်ခဲ့သော နှစ်ပေါင်းထောင်ချီမှစ၍ ဆည်များတည်ဆောက်ခဲ့ကြပြီး လူသားများအတွက် ကောင်းကျိုးရလဒ်များ ရရှိစေသကဲ့သို့ ဆိုးပြစ်များလည်း သက်ရောက်စေခဲ့ပါသည်။
ဆည်တည်ဆောက်ခြင်းကြောင့် ရရှိသော ကောင်းကျိုးများမှာ-
(၁) ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း
(၂) ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ခြင်း
(၃) လယ်ယာ၊ သောက်သုံးရေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက် အသုံးပြုနိုင်ခြင်း
(၄) ဆည်ဝန်းကျင်တွင် အပန်းဖြေအနားယူခြင်း
ဘေးထွက်ဆိုးကျိုးများမှာ-
(၁) ဆည်၏ အထက်ပိုင်းတွင် ဖြစ်ပေါ်တတ်သောဆိုးကျိုး
(၂) ဆည်၏ အောက်ပိုင်းတွင် ဖြစ်ပေါ်တတ်သောဆိုးကျိုး
(၃) လူမှုပတ်ဝန်းကျင်ထိခိုက်မှု
(၄) ဆည်တည်ဆောက်ချိန်ကာလ ဆည်နေရာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုးတို့ ဖြစ်ပါသည်။
