အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လစဥ်ဆွေးနွေးပွဲတစ်ရပ်ကို “တော်လှန်ရေးကာလအတွင်း ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများ (Climate Action) ဆောင်ရွက်သင့်ပါသလား” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စစ်အာဏာသိမ်း ကာလအတွင်း ရာသီဥတုတိုက်ဖျက်ရေးလုပ်ငန်းများ စသည့် အကြောင်းအရာများကို တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူများဖြစ်သည့် မရွှေမိုး (ကိုရီးယား) နှင့် Environmental Activist ဖြစ်သူ ကိုဟိန်းရာဇာတို့မှ ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ Public Voice Television၊ Radio NUG နှင့် မရွှေမိုး (ကိုရီးယား) တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။
