H.E. Dr. Tu Hkawng, Union Minister for Natural Resources and Environmental Conservation of the National Unity Government held a meeting with the Technical Advisory Taskforce on 10th May 2021 at 17:00.
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက CDM ဝန်ထမ်းများအပေါ် ဖိနှိပ်ခြိမ်းခြောက်နေသည့် သက်ဆိုင်ရာ ဌာနအကြီးအကဲများအား အမြန်ဆုံး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာန တံဆိပ် ပြင်ဆင်မည်ဖြစ်ကြောင်း၊ ကြားကာလဝန်ကြီးဌာန အဆိုပြုဖွဲ့စည်းပုံအား စနစ်တကျ ရေးဆွဲမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင်
(၁) ဝန်ကြီးဌာနအတွင်းရှိ CDM တွင် ပါဝင်နေသာ ဝန်ထမ်းများအပေါ် ဖိနှိပ်ခြိမ်းခြောက်နေသော သက်ဆိုင်ရာ ဌာနအကြီးအကဲများကို အမြန်ဆုံး အရေးယူဆောင်ရွက်ရန်၊
(၂) ပြင်ဆင်ထားသည့် ဝန်ကြီးဌာနတံဆိပ်အား တင်ပြရန်၊
(၃) ကြားကာလဝန်ကြီးဌာနအဆိုပြုဖွဲ့စည်းပုံအား လိုအပ်သည်များ ပြင်ဆင်မွမ်းမံ အတည်ပြုနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
