News

အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာ အသုံးပြု၍ သစ်တောသယံဇာတ များအား စောင့်ကြည့်စစ်ဆေးခြင်း ဗီဒီယိုသင်ခန်းစာ မျှဝေခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဝန်ထမ်းများအား အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာအသုံးပြု၍ သစ်တောသယံဇာတများ စောင့်ကြည့်စစ်ဆေးခြင်းပညာရပ် မျှဝေခဲ့ရာတွင် နွေဦးတော်လှန် ရေးတွင် အရပ်သားနေထိုင်ရာ အရပ်ဒေသများအား မီးရှို့ခံရမှု အမြင့်ဆုံးဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော “စစ်ကိုင်းတိုင်းဒေသကြီး” ကို နမူနာဧရိယာသတ်မှတ်၍ သစ်တောသယံ ဇာတဆန်းစစ်လေ့လာခြင်းကို သရုပ်ပြဆောင်ရွက်ပေးထားသည့် ဗီဒီယိုသင်ခန်းစာအား စိတ်ဝင် စားသူ အများပြည်သူများ လေ့လာနိုင်ပါရန် မျှဝေအပ်ပါသည်။ အဘက်ဘက်မှ ပါဝင်ကူညီပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာ အသုံးပြု၍ သစ်တောသယံဇာတ များအား စောင့်ကြည့်စစ်ဆေးခြင်း ဗီဒီယိုသင်ခန်းစာ မျှဝေခြင်း Read More »

သစ်တောကဏ္ဍ သယံဇာတစီမံအုပ်ချုပ်မှုအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) များနှင့် တွေ့ဆုံခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ ၊ နံနက် (၉) နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်ဖြစ်သည့် မြောင်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ဒီပဲယင်း၊ ဘုတလင်၊ အင်းတော်၊ ကျွန်းလှ၊ ချောင်းဦး၊ ကောလင်း၊ မော်လိုက်၊ ဝန်းသို၊ ထီးချိုင့်၊ ‌တန့်ဆည်၊ ခင်ဦး၊ မြင်းမူ၊ ဟုမ္မလင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ လေရှီး၊  ပင်လယ်ဘူး၊ အရာတော်၊ မုံရွာ၊ ကလေး၊ တမူး၊ မင်းကင်းနှင့် နာဂမြို့နယ်များမှ ပ.က.ဖ၊ ပ.အ.ဖ၊ TAB-NR အဖွဲ့များနှင့် Zoom Meeting ဖြင့် တွေ့ဆုံကာ ဝန်ကြီးဌာနမှ ကြားကာလအတွင်း ထုတ်ပြန်ထားသည့် သယံဇာတ

သစ်တောကဏ္ဍ သယံဇာတစီမံအုပ်ချုပ်မှုအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) များနှင့် တွေ့ဆုံခြင်း Read More »

သယံဇာတစီမံအုပ်ချုပ်မှုအတွက် မကွေးတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များ (TAB-NR) နှင့် တွေ့ဆုံခြင်း

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်၊ နံနက် (၉) နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မကွေး တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊  သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များနှင့် တွေ့ဆုံ ကာ ဝန်ကြီးဌာနမှ ကြားကာလအတွင်း ထုတ်ပြန်ထားသည့် သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ TAB-NR ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းခဲ့ပါသည်။ မြို့နယ်အဖွဲ့များမှလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းကာ မြေပြင်တွင် တွေ့ကြုံ ရသည့် သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲ၊ အတွေ့အကြုံများကို ပြန်လည်ဆွေးနွေးခဲ့ သည်။ နံနက် (၁၁) နာရီတွင် တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး တက်ရောက်သူ စုစုပေါင်း (၂၇) ဦး ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတစီမံအုပ်ချုပ်မှုအတွက် မကွေးတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များ (TAB-NR) နှင့် တွေ့ဆုံခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ် ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကို ကမ္ဘာအရပ်ရပ်မှ မြန်မာပညာရှင်များက အောက်တိုဘာလ (၁၅) ရက် စနေနေ့မှ စတင်ကာ အွန်လိုင်းသင်တန်း ပို့ချပေးသွားမည် ဖြစ်ပါသဖြင့် အောက်‌ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက် ထားနိုင်ရန်  အသိပေးကြေညာအပ်ပါသည်။ သင်တန်း။             Certification Course for Exploration and Production Geologist သင်တန်းကာလ။    (၁၅-၁၀-၂၀၂၂)မှ (၂၇-၁၁-၂၀၂၂)အထိ သင်တန်းနေ့။         အပတ်စဉ် စနေ၊ တနင်္ဂနွေ သင်တန်းချိန်။        မြန်မာစံတော်ချိန် ည (၇:၀၀)နာရီမှ (၉:၀၀)နာရီအထိ *သင်ကြားသူနေထိုင်ရာနိုင်ငံပေါ်မူတည်၍

အမျိုးသားညီညွတ်ရေးအစိုးရ​၏ ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး အစီအစဉ် Read More »

(၉-၉-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ (NAB-NR) ၏ (၅/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း

လက်ရှိတော်လှန်ရေးကာလတွင် ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူလူထုက စည်းကမ်းတကျ လက်တွေ့လိုက်နာ အကောင်အထည်ဖော်ဆောင်နိုင်မည့် မူဝါဒများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ၎င်းအပြင် တော်လှန်ရေးကာလ မြေပြင်လက်တွေ့အကောင်အထည်ဖော်ရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရေး လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့သည်များ ရှိခဲ့ပြီး ပြင်ဆင်ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို မြေပြင်အဖွဲ့များနှင့် ယခုထက် နီးနီးကပ်ကပ် ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ သယံဇာတကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် အန္တရာယ်အကင်းဆုံး၊ ပြည်သူနှင့် အစိုးရအတွက် အကျိုးအရှိဆုံးနှင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေ မည့်နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအားလုံးက စည်းစည်းလုံးလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းမြန်ဆန်သွက်လက်ပြီး မိမိတို့ အားလုံး၏ ရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေးအောင်မြင်ရေးအတွက်

(၉-၉-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ (NAB-NR) ၏ (၅/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေးအား (၉-၉-၂၀၂၂) ရက်နေ့ ၊ နံနက် (၁၁) နာရီတွင် Zoom Meeting ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့သည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ ဒုတိယဥက္ကဌဖြစ်သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်မှ ကြားကာလ

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၂) အစည်းအဝေးကျင်းပခြင်း Read More »

Conveying birthday wishes for the State Counsellor Daw Aung San Suu Kyi on her 76th Birthday and urging all individuals to grow plants as the birthday celebration

The Ministry of Natural Resources and Environmental Conservation of the National Unity Government, together with all ethnic people of Myanmar, would like to convey our well-wishes for State Counsellor Daw Aung San Suu Kyi who is our leader and chairman of the National League for Democracy (NLD) party fighting for the realization of the country

Conveying birthday wishes for the State Counsellor Daw Aung San Suu Kyi on her 76th Birthday and urging all individuals to grow plants as the birthday celebration Read More »

Call for articles/cartoons/podcasts related to Resource Federalism

Dear citizens, While people from all walk of life are striving for building federal democratic nation, our MoNREC-NUG (the Ministry of Natural Resources and Environmental Conservation of the National Unity Government) is also formulating Resource Federalism, a system in which all of the ethnic people in Myanmar will have rights to manage, control and utilize

Call for articles/cartoons/podcasts related to Resource Federalism Read More »

Explanation on Logo of the MONREC

Explanation on logo of the Ministry of Natural Resources and Environmental Conservation, National Unity Government 1. The four leaves within our logo depict the interdependence between our people and the resources of our country for the sake of sustainability. Each leaf  represents a part of the relationship: the light green leaf symbolizes the forests, the

Explanation on Logo of the MONREC Read More »