၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်၊ နံနက် (၉) နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မကွေး တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့များနှင့် တွေ့ဆုံ ကာ ဝန်ကြီးဌာနမှ ကြားကာလအတွင်း ထုတ်ပြန်ထားသည့် သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ TAB-NR ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းခဲ့ပါသည်။
မြို့နယ်အဖွဲ့များမှလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းကာ မြေပြင်တွင် တွေ့ကြုံ ရသည့် သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲ၊ အတွေ့အကြုံများကို ပြန်လည်ဆွေးနွေးခဲ့ သည်။ နံနက် (၁၁) နာရီတွင် တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး တက်ရောက်သူ စုစုပေါင်း (၂၇) ဦး ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
