“တော်လှန်ရေးကာလအတွင်း ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ (Climate Action) ဆောင်ရွက်သင့်ပါသလား” ဆွေးနွေးပွဲကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လစဥ်ဆွေးနွေးပွဲတစ်ရပ်ကို “တော်လှန်ရေးကာလအတွင်း ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများ (Climate Action) ဆောင်ရွက်သင့်ပါသလား” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စစ်အာဏာသိမ်း ကာလအတွင်း ရာသီဥတုတိုက်ဖျက်ရေးလုပ်ငန်းများ စသည့် အကြောင်းအရာများကို တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူများဖြစ်သည့် မရွှေမိုး (ကိုရီးယား) နှင့် Environmental Activist ဖြစ်သူ ကိုဟိန်းရာဇာတို့မှ ဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ Public Voice Television၊ Radio
စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့
စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန် အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့ (International Day for Preventing the Exploitation of the Environment in War and Armed Conflict) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download
Monitoring deforestation alerts during the coup in Myanmar: A case in Sagaing Region (Reconnaissance Research Report)
EXECUTIVE SUMMARY This short research report is the output of the capacity building training on monitoring the deforestation alerts which was conducted as a pilot case in Sagaing Region, Myanmar. Myanmar stands, according to FRA 2020, the seventh highest deforested countries in the world. Following the previous analysis, the resources were largely depleted during the
“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၉) ထုတ်ပြန်ခြင်း (၃၁ အောက်တိုဘာလ ၂၀၂၂)
Previous Next – အောက်တိုဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ – CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ – ဖက်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဥ်များ – ပြည်ထောင်စုဝန်ကြီး စကားသံ – အောက်တိုဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု (စစ်ကိုင်းတိုင်းဒေသကြီး) – ဆောင်းပါးကဏ္ဍ (အမျိုး၊ ဘာသာ၊ သာသနာမှသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ) – ကဗျာကဏ္ဍ – ကာတွန်း – နိုဝင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
သဲကန္တာရဖြစ်ထွန်းခြင်း (Desertification)
သဲကန္တာရဖြစ်ထွန်းခြင်းဆိုသည်မှာ ပူပြင်းခြောက်သွေ့သည့် နေရာဒေသများ၊ အလယ်အလတ် ပူပြင်းခြောက်သွေ့သည့် နေရာဒေသများနှင့် ခြောက်သွေ့စိုစွတ်သော နေရာဒေသများတို့တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာအရည် အသွေး ကျဆင်းခြင်းဖြစ်စဥ်ကို ခေါ်ဆိုကြောင်း ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်းက အနက်ဖွင့်ဆိုထားပါသည်။ ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ထွန်းခြင်းနှင့် ကြုံတွေ့ရလျက်ရှိပြီး စိုက်ပျိုးမြေ အလွန်အကျွံချဲ့ထွင်ခြင်း၊ စားကျက်ချခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်း စသည့် လုပ်ရပ်များကြောင့် သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ပါသည်။ အပူပိုင်းဒေသမျိုးရင်းအပင်များ ပြုစုထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကောင်းမွန်သည့် စိုက်ပျိုး နည်းစနစ်များကို အသုံးချခြင်းနှင့် ရေသယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်းစသည့် အပူပိုင်းဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းခြင်းကို တိုက်ဖျက်တားဆီးနိုင်ပါကြောင်း မျှဝေအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download
သဲကန္တာရဖြစ်ထွန်းခြင်း (Desertification) Read More »
အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာ အသုံးပြု၍ သစ်တောသယံဇာတ များအား စောင့်ကြည့်စစ်ဆေးခြင်း ဗီဒီယိုသင်ခန်းစာ မျှဝေခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဝန်ထမ်းများအား အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာအသုံးပြု၍ သစ်တောသယံဇာတများ စောင့်ကြည့်စစ်ဆေးခြင်းပညာရပ် မျှဝေခဲ့ရာတွင် နွေဦးတော်လှန် ရေးတွင် အရပ်သားနေထိုင်ရာ အရပ်ဒေသများအား မီးရှို့ခံရမှု အမြင့်ဆုံးဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော “စစ်ကိုင်းတိုင်းဒေသကြီး” ကို နမူနာဧရိယာသတ်မှတ်၍ သစ်တောသယံ ဇာတဆန်းစစ်လေ့လာခြင်းကို သရုပ်ပြဆောင်ရွက်ပေးထားသည့် ဗီဒီယိုသင်ခန်းစာအား စိတ်ဝင် စားသူ အများပြည်သူများ လေ့လာနိုင်ပါရန် မျှဝေအပ်ပါသည်။ အဘက်ဘက်မှ ပါဝင်ကူညီပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
“သတ္တုတူးဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ”
· သတ္တုတူးဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကိုပါ ယှဉ်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ · သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်းသာမက သတ္တုတူးဖော်ရေးလုပ်ငန်း ပိတ်သိမ်းရာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်/ ဂေဟ စနစ် အနေအထားဖြစ်စေရန် အစီအမံများ ချမှတ်ရေးဆွဲထားရှိရန် အရေးကြီးကြောင်း၊ · သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ယှဥ်တွဲဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် ရည်မှန်းချက်အစီအမံများ ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ · သတ္တုတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီး အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း၊ သတ္တုတူးဖော်မှုကြောင့် ပျက်စီးသွားသည့်နေရာများအား ပြန်လည်အစားထိုး ဂေဟစနစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ထိခိုက်သွားသည့်နေရာအား အစား ထိုးအနေဖြင့် အခြားနေရာများတွင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် စောင့်ရှောက်ခြင်း စသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ်
“သတ္တုတူးဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ” Read More »
သစ်တောကဏ္ဍ သယံဇာတစီမံအုပ်ချုပ်မှုအတွက် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (TAB-NR) များနှင့် တွေ့ဆုံခြင်း
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ ၊ နံနက် (၉) နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်ဖြစ်သည့် မြောင်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ဒီပဲယင်း၊ ဘုတလင်၊ အင်းတော်၊ ကျွန်းလှ၊ ချောင်းဦး၊ ကောလင်း၊ မော်လိုက်၊ ဝန်းသို၊ ထီးချိုင့်၊ တန့်ဆည်၊ ခင်ဦး၊ မြင်းမူ၊ ဟုမ္မလင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ လေရှီး၊ ပင်လယ်ဘူး၊ အရာတော်၊ မုံရွာ၊ ကလေး၊ တမူး၊ မင်းကင်းနှင့် နာဂမြို့နယ်များမှ ပ.က.ဖ၊ ပ.အ.ဖ၊ TAB-NR အဖွဲ့များနှင့် Zoom Meeting ဖြင့် တွေ့ဆုံကာ ဝန်ကြီးဌာနမှ ကြားကာလအတွင်း ထုတ်ပြန်ထားသည့် သယံဇာတ
ကြေညာချက် (၈/၂၀၂၂)
နိုင်ငံပိုင်ရွှေစင်များ ရောင်းချခြင်းကိစ္စနှင့်ပတ်သက်သည့် ကြေညာချက်
ကြေညာချက် (၈/၂၀၂၂) Read More »
