MONREC Zip

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၁၁) ထုတ်ပြန်ခြင်း (၃၁ ဒီဇင်ဘာလ ၂၀၂၂)

Previous Next – ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ – CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – ပြည်ထောင်စုဝန်ကြီးစကားသံ – ဒီဇင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု – ဆောင်းပါးကဏ္ဍ (ကျွန်ုပ်တို့ အမြတ်တနိုး တန်ဖိုးထားသင့်သည့် သဘာဝအဖိုးတန်ရတနာများ) – ကဗျာကဏ္ဍ (Our Land) – ကာတွန်းကဏ္ဍ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၁၁) ထုတ်ပြန်ခြင်း (၃၁ ဒီဇင်ဘာလ ၂၀၂၂) Read More »

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (ဒီဇင်ဘာလ ၁၁ ရက်)

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တောင်တန်းများ နေ့အတွက် ဆောင်ပုဒ်မှာ “အမျိုးသမီးများအင်အားဖြင့် တောင်တန်းများ ကာကွယ်ကြစို့ (Women move mountains)” ဖြစ်ပါသည်။ အမျိုးသမီးများသည် တောင်ကုန်းတောင်တန်းဒေသများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ပါဝင် နေပါသည်။ အမျိုးသမီးများသည် တောင်ကုန်းတောင်တန်း သဘာဝသယံဇာတများကို အဓိက စီမံခန့်ခွဲသူများ၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ရိုးရာဓလေ့အစဉ်အလာများ ကို ထိန်းသိမ်းသူများ၊ ဒေသယဉ်ကျေးမှု စောင့်ရှောက်သူများနှင့် ရိုးရာတိုင်းရင်းဆေး ကျွမ်းကျင်သူများပင် ဖြစ်နေကြပါသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုမြန်ဆန်လာခြင်း၊ တောင်ကုန်းတောင်တန်းဒေသ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုမရှိခြင်းတို့သည် အမျိုးသားများကို အခြား တစ်နေရာရာသို့ ရွှေ့ပြောင်းကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် တွန်းအားဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် အမျိုးသမီးများသည်

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (ဒီဇင်ဘာလ ၁၁ ရက်) Read More »

ကြေညာချက် (၁၀/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၁၀/၂၀၂၂) ၁၃၈၄ ခု၊ နတ်တော်လပြည့်နေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက် အကြမ်းဖက်စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်နေသည့် ပြည်သူလူထုသဘောဆန္ဒမပါသော ကိစ္စရပ်များသည် တရားမဝင်ကြောင်း ကြေညာချက် ၁။   အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ကြားကာလဒေသန္တရ အုပ်ချုပ်ရေးအနေဖြင့် ပြည်သူတို့၏ အခြေခံလိုအပ်ချက်များဖြစ်သော သစ်တောနှင့် အခြားသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲ၍ ဒဏ်ကြေး/အခွန်များဖြင့် စည်းကြပ်ကာ သယံဇာတများကို စဉ်ဆက်မပြတ် ထာဝစဉ်ရေရှည်တည်တံ့စေရန် ပြည်သူလူထု၏ အကူအညီဖြင့် စီမံဆောင်ရွက်လျက်ရှိပါသည်။ ၂။   အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို နေ့စဉ်ခြိမ်းခြောက်လျက်ရှိပြီး ပြည်သူများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှု များကို မီးရှို့ဖျက်ဆီးလျက်ရှိပါသည်။

ကြေညာချက် (၁၀/၂၀၂၂) Read More »

စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုများအား ဆန်းစစ်လေ့လာခြင်း (သတ္တုနှင့် ကျောက်မျက်ကဏ္ဍ)

“အနှစ်ချုပ်” မြန်မာနိုင်ငံသည် သတ္တုနှင့် ကျောက်မျက်သယံဇာတထွက်ရှိမှုတွင် အလားအလာအကောင်းဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် သယံဇာတကို စနစ်တကျ စီမံခန့်ခွဲနိုင် ခဲ့ပါက နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့မှာ မလွဲဧကန်ပင်ဖြစ်သည်။ ယခု မူကား ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်အာဏာရှင် အဆက်ဆက် အုပ်ချုပ်ခဲ့ပြီး သယံဇာတကဏ္ဍတွင် စီမံခန့်ခွဲမှုအလွဲများ၊ သယံဇာတထွက်ရှိရာ ဒေသခံပြည်သူ များ၏ အကျိုးစီးပွား ပျက်စီးစေမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် အဂတိလိုက်စားမှုများ စသည့် အကြောင်းတရားများစွာကြောင့် နိုင်ငံ၏ သယံဇာတများ လေလွင့်ဆုံးရှုံးခဲ့ရပြီး သယံဇာတ ကဏ္ဍတွင်လည်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများ မျိုးစုံပေါ်ပေါက်ကာ သဘာဝသယံဇာတများသာမက သယံဇာတကဏ္ဍတစ်ခုလုံး အကျင့်ပျက်ချစားပျက်စီးခဲ့ပြီး တိုင်းပြည်သယံဇာတများသည် တိုင်းပြည်အတွက် အကျိုးမရှိစေဘဲ လူတစ်စု၏ အကျိုးစီးပွား အတွက်သာ ဖြစ်စေခဲ့ပါသည်။ ယခုစာတမ်းတွင်

စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုများအား ဆန်းစစ်လေ့လာခြင်း (သတ္တုနှင့် ကျောက်မျက်ကဏ္ဍ) Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၁၀) ထုတ်ပြန်ခြင်း (၃၀ နိုဝင်ဘာလ ၂၀၂၂)

Previous Next – နိုဝင်ဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ – CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ – ဖက်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဥ်များ – ပြည်ထောင်စုဝန်ကြီး စကားသံ – နိုဝင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု – ဆောင်းပါးကဏ္ဍ (ဆူနာမီ-Tsunami) – ကဗျာကဏ္ဍ (စစ်) – ကာတွန်းကဏ္ဍ – ဒီဇင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၁)၊ အမှတ် (၁၀) ထုတ်ပြန်ခြင်း (၃၀ နိုဝင်ဘာလ ၂၀၂၂) Read More »

(၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) ၏ (၆/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဌဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း

မိမိတို့တော်လှန်ရေး ၂ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထု၏ ထောက်ခံအားပေးမှုများကြောင့် တော်လှန်ရေးရေချိန် မြှင့်တင်လာနိုင်တာဖြစ်ပြီး နယ်မြေစိုးမိုးမှုအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တာဖြစ်ကြောင်း၊ သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ဝင်ငွေအထောက်အကူရလာခြင်းသည် သယံဇာတလုပ်ငန်းများ ဆောင်ရွက်သူ ဓမ္မဘက်တော်သား တိုင်းပြည့်ရတနာလုပ်ငန်းရှင်များ၏ မိမိတို့တိုင်းပြည်အပေါ် စေတနာထားကာ တာဝန်သိစိတ်နှင့် ချစ်မြတ်နိုးစိတ်တို့ကို အထင်းသား မြင်တွေ့နိုင်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုဖြင့် သယံဇာတလုပ်ငန်း စီမံအုပ်ချုပ်သူ မြို့နယ်အဖွဲ့များနှင့် သယံဇာတလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ပြည်သူတို့အကြား ဟန်ချက်ညီညီ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လာနိုင်ကြလို့ ယခုကဲ့သို့ အောင်မြင်မှုတွေ ရရှိလာတာဖြစ်တဲ့အတွက် ပြည်သူအားလုံးရဲ့ တော်လှန်ရေးအောင်မြင်လိုစိတ် ဆန္ဒပြင်းပြမှုနှင့် အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုရုံသာမက ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ မြေပြင်စီမံအုပ်ချုပ်သူများအနေနှင့်လည်း မိမိတို့ဒေသမှ ထွက်ရှိတဲ့ သယံဇာတမှ ရရှိလာတဲ့ ဝင်ငွေကို လက်ရှိတော်လှန်ရေးအတွက်

(၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) ၏ (၆/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဌဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည့် အဖွင့်မိန့်ခွန်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၂) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့၏ (၆/၂၀၂၂) အစည်းအဝေးအား (၂၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၁) နာရီတွင် Zoom Meeting ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စု အဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ စုစုပေါင်း ( ၁၇ ) ဦး တက်ရောက်ခဲ့သည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးမှ

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၂) အစည်းအဝေးကျင်းပခြင်း Read More »

စွန့်ပစ်အမှိုက်များ အခြေအနေမှ အဖိုးတန်အရင်းအမြစ်များအဖြစ်သို့ ပြုပြင်ပြောင်းလဲခြင်း

လွယ်ကူရိုးရှင်းသော နည်းလမ်းများအသုံးပြု၍ ဇီဝစွန့်ပစ်ပစ္စည်းများအဖြစ်မှ အဖိုးတန်အရင်းအမြစ်များအဖြစ်သို့ ပြုပြင်ပြောင်းလဲလုပ်ဆောင်နိုင်သည့် လုပ်ငန်းစဥ်အဆင့်များအား လက်တွေ့သရုပ်ပြဆောင်ရွက်ချက်များနှင့် မျှဝေအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

စွန့်ပစ်အမှိုက်များ အခြေအနေမှ အဖိုးတန်အရင်းအမြစ်များအဖြစ်သို့ ပြုပြင်ပြောင်းလဲခြင်း Read More »

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၂)

ရှော့တိုက်ငါးဖမ်းခြင်း အကျိုးဆက်များ၊ ဧရာဝတီလင်းပိုင်အခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းအကြောင်း၊ ဧရာဝတီလင်းပိုင်လေးများနှင့် ငါးသယံဇာတများကို ထိန်းသိမ်းကာကွယ်ခြင်းသည် အကျိုးဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၂) Read More »

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၁)

ဧရာဝတီလင်းပိုင်လေးများသည် ရေလုပ်သားတို့၏ မိတ်ကောင်းဆွေကောင်းများအဖြစ် ကျော် ကြားကြပြီး ၎င်း၏ ထူးခြားသည့် အမူအကျင့်များအကြောင်း၊ ဧရာဝတီလင်းပိုင်လေးများ၏ နေထိုင်ကျက်စားရာ နေရာဒေသများနှင့် ဧရာဝတီလင်းပိုင်းလေးများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းကာကွယ်ရန် အရေးကြီး ကြောင်း သရုပ်ဖော်တင်ပြချက်များ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၁) Read More »