News

ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ CDMer ဝန်ထမ်းများအနေဖြင့်ဝန်ထမ်းရေးရာကိစ္စရပ် များအတွက် အောက်ဖော်ပြပါ ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှ တဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။   Signal +66806270249 Telegram +66650958980 Telegram username @HaruAlex   (သစ်တောဦးစီးဌာန Focal person သို့ ဆက်သွယ်လိုပါက https://m.facebook.com/story.php?story_fbid=624863099820858&id=100068915212059)   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အစည်းအဝေးအဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “တက်ရောက်လာတဲ့ မြေပြင်က သယံဇာတအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ အားလုံးသိပြီးသားဖြစ်သည့်အတိုင်း ဒီအချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ ထိတွေ့မှုတွေ ဆက်တိုက် ဆင်နွှဲနေတာဖြစ်ပြီး အောင်မြင်မှုများလည်း ဆက်တိုက်ရရှိနေတာဖြစ်သလို တဘက်တွင်လည်း တော်လှန်ရေးအင်အားစုများမှ မိမိတို့ တော်လှန်ရေး ရဲဘော်များ ထိခိုက်ကျဆုံးသည့် သတင်း များလည်း ကြားသိရ၍ အင်မတန် စိတ်မကောင်း ဝမ်းနည်းမိပါကြောင်း၊ မြေပြင်အဖွဲ့တွေ အနေနဲ့လည်း စိတ်မကောင်းခြင်းတွေ ဖြစ်ကြမည်ကိုလည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှု အဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် – အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အစည်းအဝး အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြာခဲ့ပြီး၊ ခရိုင် (၁၀)ခရိုင်ရှိ မြို့နယ် (၂၆) မြို့နယ်တို့မှ ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့ တို့မှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် စိန်ခေါ်မှုများကို

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း Read More »

“Capacity building training on climate change and environmental conservation related issues under federal democratic Myanmar” သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

အနာဂါတ် ဖယ်ဒရယ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအတွက် လူငယ်မျိုးဆက်သစ် သင်တန်းသားများ ခေါ်ယူ သွားမည်ဖြစ်ပါသဖြင့် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါရန် အသိ ပေးကြေညာအပ်ပါသည်။ – အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း – သက်ဆိုင်ရာ တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူများ – ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနယ် ပယ်များတွင် အနည်းဆုံး လုပ်သက် (၁) နှစ် တာဝန်ထမ်းဆောင်ဖူးသူများ – အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသော အထက်ပါ အရည်အချင်း များနှင့် ကိုက်ညီသူများ – သင်တန်းပြီးစီးပါက ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သင်တန်းများကို ပြန်လည်သင်တန်းပို့ချနိုင်သူများကို

“Capacity building training on climate change and environmental conservation related issues under federal democratic Myanmar” သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း Read More »

FD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ CDMer ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များအတွက် အောက်ဖော်ပြပါ FD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။   Signal +66950402751 Telegram +66950402751 Telegram name @fdmonrec   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန   အမျိုးသားညီညွတ်ရေးအစိုးရ

FD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီး များ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်း ရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေး တက်ရောက်လာကြသူ များအားလုံး ဘေးကင်းလုံခြုံ ရှိကြပါစေကြောင်း နှုတ်ခွန်းဆက်သခဲ့ပြီး အဖွဲ့ဝင်သစ်ဖြစ်တဲ့ MONREC ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးကို ဝမ်းမြောက်ဝမ်းသာ

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း Read More »

“တော်လှန်သစ်ပင်ကမ်ပိန်း”

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အားပေးထောက်ခံမှုဖြင့် ဒေါနစစ်ကြောင်း၊ ထောက်ပို့အဖွဲ့က (၅-၆-၂၀၂၃) ရက်နေ့မှ (၈-၈-၂၀၂၃) ရက်နေ့ထိ ဆောင်ရွက်ခဲ့တဲ့ “တော်လှန်သစ်ပင်ကမ်ပိန်း” ဟာ မျှော်မှန်းရန်ပုံငွေ ပမာဏ ရဲ့  ၄၉.၀၇% ရောက်ရှိခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၉၉၃) သိန်းကျော် ရရှိခဲ့ပါတယ်။ ကမ်ပိန်း ၂ လတာကာလအတွင်း ပြည်သူများက ပျိုးပင်ပေါင်း တသောင်းနီးပါး ပါဝင်အားဖြည့် ခဲ့ကြတာဖြစ်ပါတယ်။ မြေပြင်မှာတော့ ပျိုးပင် ၂ သောင်းလုံးကို KFD ရဲ့ ခွင့်ပြုချက်နဲ့ ဧက (၂၀)၊ လမ်းဘေးဝဲယာစတဲ့ အများပိုင်မြေများမှာ ဧက (၂၀) စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ကမ်ပိန်းရန်ပုံငွေများကို မူလရည်ရွယ်ချက်များအတိုင်း ဒေါနစစ်ကြောင်း/အလယ်ပိုင်းစစ်ဒေသ၊ စစ်ဘေးရှောင်ပြည်သူများ၊ CDM support နဲ့ ပျိုးဥယျာဉ် ကုန်ကျစရိတ်များအတွက်

“တော်လှန်သစ်ပင်ကမ်ပိန်း” Read More »

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်တင်ပြခြင်း

(၅-၈-၂၀၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်တင်ပြခြင်းအစီအစဥ် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ခွန်းစောဖူးက မိတ်ဆက်စကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန၊ နည်းပညာအကြံပေး အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပါသည်။ သစ်တော/ပတ်ဝန်းကျင်ကဏ္ဍ အတွင်းဝန်နှင့် သတ္တု/ကျောက်မျက်ကဏ္ဍ အတွင်းဝန်တို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်တင်ပြခြင်း Read More »

ဝန်ကြီးဌာန၏ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့မှုများ ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလောင်းတော်ကဿပအမျိုးသားဥယျာဥ်မှ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆင်ဦးစီးဝန်ထမ်းများအတွက် ဝန်ကြီးဌာနရန်ပုံငွေဖြင့် (၃၆၀,၀၀၀) ကျပ်နှင့် ပြင်ပအလှူရှင်မှ (၁,၀၀၀,၀၀၀) ကျပ် ထောက်ပံ့ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆင်ဦးစီးဝန်ထမ်းများနှင့် ဆင်များအတွက် ပြင်ပအလှူရှင်တစ်ဦးက (၁၇,၀၀၀,၀၀၀) ကျပ် လှူဒါန်းခဲ့ပါသည်။ ၎င်းအပြင် ဆင်ချစ်သူ (၂) ဦး ထည့်ဝင်လှူဒါန်းပေးသည့် Elephant collections အမှတ်တရ ပစ္စည်းများဖြင့် ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခဲ့သည့် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းမှ ရန်ပုံငွေ (၄၄,၀၈၆,၂၄၅) ကျပ် ရရှိခဲ့ပါသည်။ ရရှိခဲ့သည့် ကမ်ပိန်းရန်ပုံငွေ ကျပ်သိန်း (၄၄၀)

ဝန်ကြီးဌာန၏ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့မှုများ ထုတ်ပြန်ခြင်း Read More »