(၅-၈-၂၀၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်တင်ပြခြင်းအစီအစဥ် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ခွန်းစောဖူးက မိတ်ဆက်စကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန၊ နည်းပညာအကြံပေး အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပါသည်။
သစ်တော/ပတ်ဝန်းကျင်ကဏ္ဍ အတွင်းဝန်နှင့် သတ္တု/ကျောက်မျက်ကဏ္ဍ အတွင်းဝန်တို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
