MONREC Zip

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ် ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  (၁၃)ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “သယံဇာတကိစ္စတွေ ဆောင်ရွက်ကြရာ မှာ ကြားကာလ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ […]

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးကျင်းပခြင်း Read More »

ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း

ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်နည်းတူ တစ်ဖက်တွင်လည်း  ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သဘာဝအရသော်လည်းကောင်း လူတို၏ ပယောဂကြောင့်သော်လည်းကောင်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်များ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ဖြစ်ပွားစေ သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကမ္ဘာ့နိုင်ငံများသာမက မြန်မာနိုင်ငံတွင်လည်း လက်ရှိခံစားရလျက်ရှိပြီး ယခုနှစ် နွေရာသီတွင် အပူချိန်ပိုမိုမြင့်တက်ခြင်းကို ကြုံတွေ့ခံစားခဲ့ကြရခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရာသီဥတုပြောင်းလဲမှုလျှာ့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းတို့ ပါဝင်ပါသည်။ ယနေ့ခေတ်အချိန်အခါတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ရင်ဆိုင်ကြုံတွေ့လာရသည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းများကို မိမိကိုယ်တိုင် လိုက်နာ ဆောင်ရွက်ခြင်း၊ အခြားသူများကို ပြန်လည်ဝေငှခြင်း၊ အသိပေးခြင်းတို့ဖြင့် ရာသီဥတုပြောင်းလဲမှုကို တတ်နိုင်သမျှ တွန်းလှန်နိုင်ကြပါစေလို့ တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၅) ထုတ်ပြန်ခြင်း (၁ ဇူလိုင်လ ၂၀၂၃)

Previous slide Next slide -ဇွန်လအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – ဇွန်လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့) -ကဗျာကဏ္ဍ (သဘာဝ) -ကာတွန်းကဏ္ဍ -ဇူလိုင်လအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၅) ထုတ်ပြန်ခြင်း (၁ ဇူလိုင်လ ၂၀၂၃) Read More »

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အစီရင်ခံစာများနှင့် အသိပညာပေး အကြောင်းအရာများကို ဝန်ကြီးဌာန၏ အင်တာနက်/လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်လျက်ရှိပါသည်။ သတင်းအချက်အလက် စီးဆင်းမှု ပိုမိုထိရောက်မြန်ဆန်ရေးအတွက် ဝန်ကြီးဌာန၏ Twitter Account အား ထပ်မံဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် တော်လှန်ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ဝင်ရောက်ဖတ်ရှု/မျှဝေနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ MONREC Official Twitter Account: https://twitter.com/MONREC_NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းမှတ်တမ်းများ

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ စီမံမှုဖြင့် ခရိုင်အတွင်းရေးမှူး၊ ခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တာဝန်ခံ၊ ခရိုင်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ တာဝန်ခံ၊ ခရိုင်ဘဏ္ဍာရေးတာဝန်ခံ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံ၊ မြို့နယ် (ပ.က.ဖ) တာဝန်ခံ၊ မြို့နယ် (ပ.လ.ဖ) တာဝန်ခံ၊ မြို့နယ်သယံဇာတအဖွဲ့၊ မြို့နယ် (ပ.အ.ဖ) (ပ.က.ဖ) (ပ.လ.ဖ) အဖွဲ့များ ၊ ပြည်သူ့ အခြေပြုကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ မြင်းမူမြို့နယ်၊ ကျေးရွာ (၅) ရွာ တွင် အရိပ်ရပင်များဖြစ်သည့် စိန်ပန်း၊ ယင်းမာ၊ ကျွန်း၊ မယ်ဇယ်၊ မဟော်ဂနီနှင့် တယ်ပင် စုစုပေါင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းမှတ်တမ်းများ Read More »

ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ တွေ့ဆုံခြင်းအစီအစဥ်

၁၆-၆-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ ZOOM မှတစ်ဆင့် တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြော ကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာတွင် CDM ဝန်ထမ်းများသည် ဝန်ထမ်းဖြစ်အောင် ကြိုးစားခဲ့၊ ရင်းနှီးမြှုပ်နှံခဲ့ရခြင်းများကို တော်လှန်ရေးအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ပါဝင်သူ များအနေဖြင့် မိသားစုနှင့် ဝေးကွာနေကြပါကြောင်း၊ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသူများ ဖြစ်သည့်အတွက် CDM ဝန်ထမ်းအားလုံးကို လေးစားပါကြောင်းနှင့် ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည် ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ CDM ထောက်ပံ့ကြေးများ ပေးနေသော်လည်း အားလုံးကို မလွှမ်းခြုံနိုင်သေးပါကြောင်း၊ ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် တောင်းပန်လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရေးပေါ် အထောက်အပံ့အကူအညီများကိုလည်း ဦးစားပေး ထောက်ပံ့ပေးနေပါကြောင်း၊ CDM Success Committee

ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ တွေ့ဆုံခြင်းအစီအစဥ် Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့နှင့် (၁၃) ရက် နေ့တို့တွင် Zoom Meeting ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် –   မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးကျင်းပခြင်း Read More »

ဝန်ကြီးဌာန CDM ဆင်လေးများ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း လက်ခံရရှိခဲ့သည့် ပြင်ပအလှူရှင်၏ လှူဒါန်းမှုငွေများကို ဆင်ဦးစီးဝန်ထမ်းများ၏ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများဝယ်ယူရန် ‌‌ခွဲဝေ ထောက်ပံ့ပေးခဲ့ပါသည်။ ယင်းလှူဒါန်းငွေဖြင့် ဆင်များအတွက် ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများအား မျှဝေခြင်းဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ဝန်ကြီးဌာန CDM ဆင်လေးများ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်း Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၄) ထုတ်ပြန်ခြင်း (၃၁ မေလ ၂၀၂၃)

Previous slide Next slide -မေလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – မေလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (ငှက်သတ္တဝါများ ရေရှည်တည်တံ့စေသော ရေထု) -ကဗျာကဏ္ဍ (နွေဦးသို့) -ကာတွန်းကဏ္ဍ -ဇွန်လအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၄) ထုတ်ပြန်ခြင်း (၃၁ မေလ ၂၀၂၃) Read More »

“မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ” ဆွေးနွေးပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ကြားကာလ ပြည်သူလူထုအသိပညာပေးလုပ်ငန်းရပ်အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ (၂၉-၅-၂၀၂၃) ရက်နေ့ (တနင်္လာနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင်   “မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း နှင့်စပ်လျဥ်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ၊ တော်လှန်ရေးကာလအတွင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်ခဲ့သည့် သာဓကများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဥ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာတို့မှ ဆွေးနွေးပြောကြားခဲ့ပြီး Moderator

“မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ” ဆွေးနွေးပွဲကျင်းပ Read More »