အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေအတွင်းရှိ ဆင်ဝိုင်းတစ်ခုမှ ပြည်သူ့ဘက်တော်သား ဆင်မလေး တင်လှလှ ရရှိခဲ့သည့် ခြေထောက်ဒဏ်ရာအား သက်သာပျောက်ကင်းသည်အထိ ဆေးဝါးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဆင်ချစ်သူများ၏ ဆုတောင်းမေတ္တာ ကူညီပံ့ပိုးမှုများဖြင့် ဆင်မလေး တင်လှလှ ခြေထောက်ဒဏ်ရာ သက်သာ၍ နေကောင်းကျန်းမာလျက်ရှိကြောင်း ဆင်ချစ်သူ မိဘပြည်သူများအား သိရှိဝမ်းသာနိုင်ကြစေရန် ထုတ်ပြန်အပ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
