“အာဏာသိမ်းကာလအတွင်း တောရိုင်းတိရစ္ဆာန် (သို့) ဇီဝမျိုးစုံမျိုးကွဲများ၏ အခြေအနေ” ဆွေးနွေးပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လစဥ်ဆွေးနွေးပွဲ (၃) ကို “အာဏာသိမ်းကာလအတွင်း တောရိုင်းတိရစ္ဆာန် (သို့) ဇီဝမျိုးစုံ မျိုးကွဲများ၏ အခြေအနေ” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။

တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေကြသူများဖြစ်သည့် သရုပ်ဆောင် Russell နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့မှ လူမှုဝန်းကျင်အပါအဝင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေး အတွက် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါလှသည့် အခန်းကဏ္ဍအကြောင်း၊ တော်လှန်ရေးကာလ တွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်းများ၊ အာဏာသိမ်းကာလအတွင်း တောရိုင်းတိရစ္ဆာန် သေကြေပျက်စီးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Public Voice TelevisionRadio NUG နှင့် CDM ဗိုလ်ကြီး Htet Myat တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။