“တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ဆွေးနွေးပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြားကာလ ပြည်သူလူထုအသိပညာပေးလုပ်ငန်းရပ်အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပလျှက်ရှိရာ (၈-၄-၂၀၂၃) ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် “တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အမွေအနှစ် ထိန်းသိမ်းရေးအကြောင်းအရာများ၊ တော်လှန်ရေးကာလအတွင်း အမွေ အနှစ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်းများနှင့် လက်ရှိဆောင်ရွက်လျှက်ရှိသည့် အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းများကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်တို့မှ ဆွေးနွေးပြောကြားခဲ့ပြီး Moderator အဖြစ် PVTV သတင်းတင်ဆက်သူ ထက်ထက်အိန္ဒြာတို့မှ ပါဝင်အားဖြည့် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့၊ Radio NUGPublic Voice Television နှင့် DVB TV News တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။