အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ် ဆွေးနွေးပွဲတစ်ရပ်ကို “ကြားကာလနှင့် တော်လှန်ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းစဥ်များအကြောင်း၊ ကြားကာလနှင့် နွေဦးတော်လှန် ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအကြောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဘီထူးနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ဆရာဦးမာန်ဟင်းဒါလ်းတို့မှ ဆွေးနွေးပြောကြားခဲ့ပြီး Moderator အဖြစ် ဒေါက်တာဖြိုးသီဟမှ ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ PVTV ၊ Radio NUG နှင့် ဒုတိယဝန်ကြီးတို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။
