အပြည်ပြည်ဆိုင်ရာ မြေကမ္ဘာနေ့ (International Mother Earth Day)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ မြေကမ္ဘာနေ့” (International Mother Earth Day) ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ကမ္ဘာမြေကို ကာကွယ်ဖို့ တို့အင်အားကို သုံးကြစို့ (Our Power, Our Planet)” ဖြစ်သည်။ အဆိုပါ အထိမ်းအမှတ်နေ့ကို ကျင်းပခြင်းအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် စွမ်းဆောင်ရည်များကို မြှင့်တင်စေပြီး ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်လာစေခြင်း၊ ဒေသခေါင်းဆောင်များမှတဆင့် လက်တွေ့ကျသည့် ဖြေရှင်းနည်များဖြင့် ဖြေရှင်းခြင်းတို့ဖြင့် ကမ္ဘာမြေကို ဖွံ့ဖြိုးတိုးတက်စေသည်။ ထို့ပြင် ယခုနှစ်ဆောင်ပုဒ်သည် နိုင်ငံရေးဆိုင်ရာ ကြေညာချက်တစ်ခု မဟုတ်ဘဲ ကမ္ဘာမြေအား စီမံခန့်ခွဲအုပ်ချုပ်ခြင်း၊ ပတ်ဝန်းကျင်ဖိအားများအပေါ် ကမ္ဘာမြေ၏ ခံနိုင်ရည်ရှိခြင်းနှင့် ကမ္ဘာမြေအား ထိန်းသိမ်းကာကွယ်ရန် မျှဝေတာဝန်ခံခြင်း စသည်တို့အတွက် ကတိကဝတ်ပေးခြင်းတို့ကို ဖော်ညွှန်းခြင်း ဖြစ်သည်။ မြို့၊ ကျောင်း၊ လူမျိုးစုများ စုပေါင်းတည်ရှိသည့် နိုင်ငံများတွင် ကျင့်သုံးသည့် ဒေသစနစ်များသည် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ အသိအမြင်နှင့် ပြည်သူလူထု၏ စိတ်ချလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အခြေခံထားသောကြောင့် ဘေးအန္တရာယ် လျှော့ချပေးသည့် ဖြေရှင်းနည်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြပြီး သယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းပေးသည်။
 
ပတ်ဝန်းကျင်အား စီမံအုပ်ချုပ်ခြင်းသည် စီမံခန့်ခွဲမှု တစ်ခု၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် ရွေးချယ်တင်မြောက်မှု တစ်ခုတည်းအပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ လူမှုအဖွဲ့အစည်းများ၊ ပညာပေးလုပ်ငန်း ဆောင်ရွက်သူများ၊ အလုပ်သမားများ၊ ဆန်းသစ်တီထွင်သူများနှင့် မိသားစုများ၏ နိစ္စဓူဝဆုံးဖြတ်ချက်များဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့နေထိုင်လုပ်ကိုင်သည့် နေရာဒေသများကို ကာကွယ်ခြင်းသည် တာဝန်ယူမှု တစ်ခုဖြစ်ကြောင်းနှင့် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတို့ဖြစ်ကြောင်း နားလည်ထားပြီး ဖြစ်သည်။ ကမ္ဘာမြေ၏ သန့်ရှင်းသည့် လေ၊ လုံခြုံစိတ်ချရသည့် ရေနှင့် ရာသီဥတုဆိုင်ရာ ခံနိုင်ရည်ရှိခြင်းတို့သည် အရေးပါပြီး လူမှုအဖွဲ့အစည်းများ၏ ဂေဟစနစ်များကို ကာကွယ်ခြင်း၊ ဆန်းသစ်တီထွင်သူများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ်များကို တိုးတက်သည့် ဖြေရှင်းမှုများဖြင့် ဖြေရှင်းခြင်းတို့သည် ဤကမ္ဘာမြေကို ဖွံ့ဖြိုးတိုးတက်စေသည်။
 
ကမ္ဘာမြေ၏ တစ်ဖက်ခြမ်းတွင် ဖြစ်ပေါ်နေသည့် အရာများသည် ကမ္ဘာမြေ၏အခြားတစ်ဖက်ခြမ်းတွင်လည်း ဖြစ်ပေါ်လျက်ရှိပြီး ပတ်ဝန်းကျင်အား ကာကွယ်ခြင်းသည် လူတိုင်း၊ နေရာတိုင်းကို သက်ရောက်မှု ရှိစေသည်။ တောင်သူလယ်သမားများ၊ ရေလုပ်ငန်းများ၊ မီးသတ်သမားများအားလုံးတို့သည် သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင်‌ပေါ်တွင် မူတည်နေသည်။ ထို့ပြင် ကလေးငယ်များသည် မိမိအနီးနားရှိ စမ်းချောင်းတွင် ငါးဖမ်းနိုင်မှု၊ သန့်ရှင်းသည့်လေကို ရှူရှိုက်နိုင်မှုတို့သည်လည်း ပတ်ဝန်းကျင်အပေါ်တွင် မူတည်လျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာမြေတွင် ကောင်းမွန်သည့် ပတ်ဝန်းကျင်အပြောင်းအလဲများကို ဖန်တီးရန်အတွက် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းတွင် အင်အားရှိပြီး ရပ်ရွာသန့်ရှင်းရေးများ၊ အပင်စိုက်ပျိုးခြင်းများ သို့မဟုတ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့ရွေးချယ်တင်မြောက်ထားသည့် သူများကို ဆက်သွယ်ခြင်း၊ ရေရှည်တည်တံ့စေနိုင်မည့် ရွေးချယ်မှုများကို နေ့စဉ်ပြုလုပ်ခြင်း စသည်တို့တွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ