ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအားအသိပေးချက်ထုတ်ပြန်ခြင်း

(၁)   ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့အဖွဲ့အစည်းများအတွက် ကြားကာလ အမည်စာရင်း မှတ်ပုံတင်သွင်းရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၆) ရက်နေ့ ရက်စွဲဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏
Facebook Page တွင် တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

(၂) အမည်စာရင်းမှတ်ပုံတင်ကာလမှာ ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၃၁)နေ့အထိ ဖြစ် ပါသည်။

(၃) သတ်မှတ်ကာလအတွင်း အမည်စာရင်းမှတ်ပုံမတင်သော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား ကြေညာချက်ပါ စည်းကမ်းချက်များဖြစ်သည့်အမည်ပျက်စာရင်းသွင်းခြင်း၊ အမည်ပျက်စာရင်းသွင်းထားသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများမှ ရေးသားထားသော အစီရင်ခံစာများကို အသိအမှတ်မပြုခြင်း စသည့် အပြစ်ပေးအရေးယူခြင်းများကို ခံရမည် ဖြစ်ပါသည်။

(၄)  သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယ ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအနေဖြင့် အချိန်မီ မှတ်ပုံတင်အမည်စရင်း တင်သွင်းခြင်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကြေညာချက် (၄/၂၀၂၃) ဖေ့ဘုတ်လင့်ခ်- 

https://m.facebook.com/story.php?story_fbid=pfbid02wCTDyDzzGKGddeJTmsroDsstJsiZJRGSSBbkBE6NMMiDpP74tcSFzmriiD5dRv8pl&id=100068915212059&mibextid=WC7FNe

စာရင်းသွင်းရန်လင့်ခ် –  ဤတွင်နှိပ်ပါ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ