ကြေညာချက် (၂/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ထုတ်ပြန်ကြေညာချက် (၂/၂၀၂၄)
၁၃၈၅ ခု၊ တပေါင်းလပြည့်ကျော် (၁) ရက်
၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်

၁။   အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။

၂။   လျှောက်ထားသူသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

( ) ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် သင့်လျော်သော  ပညာအရည်အချင်းရှိရမည်။

( ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။

(ဃ) အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ

( င ) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

( စ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။

၃။   ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးအဖွဲ့က အတည်ပြုရွေးချယ်ခြင်းခံရသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏အစီအစဥ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ပါသည်။

၄။   လျှောက်ထားလိုသူများအနေဖြင့် (၁၀..၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ https://monrec.nugmyanmar.org/vacancy-announcement/ မှတဆင့် လျှောက်ထားနိုင်ပါသည်။

အောက်ပါနံပါတ်များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ

Telegram Account- +66650958980 Telegram Username @HaruAlex

Telegram Account – +66950402751, Telegram Username @fdmonrec

သတ္တုကဏ္ဍ

Telegram Account- +959768383582 Telegram Username @Mining_Gems

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ