အမျိုးသားညီညွတ်ရေးအစိုးရ​၏ ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ် ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကို ကမ္ဘာအရပ်ရပ်မှ မြန်မာပညာရှင်များက အောက်တိုဘာလ (၁၅) ရက် စနေနေ့မှ စတင်ကာ အွန်လိုင်းသင်တန်း ပို့ချပေးသွားမည် ဖြစ်ပါသဖြင့် အောက်‌ဖော်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက် ထားနိုင်ရန်  အသိပေးကြေညာအပ်ပါသည်။

သင်တန်း။             Certification Course for Exploration and Production Geologist

သင်တန်းကာလ။    (၁၅-၁၀-၂၀၂၂)မှ (၂၇-၁၁-၂၀၂၂)အထိ

သင်တန်းနေ့။         အပတ်စဉ် စနေ၊ တနင်္ဂနွေ

သင်တန်းချိန်။        မြန်မာစံတော်ချိန် ည (၇:၀၀)နာရီမှ (၉:၀၀)နာရီအထိ

*သင်ကြားသူနေထိုင်ရာနိုင်ငံပေါ်မူတည်၍ အချိန်ပြောင်းလဲသည့် ရက်အနည်းငယ်ရှိမည်။

“သင်ကြားဆွေးနွေးမည့် အကြောင်းအရာများ”

Exploration and Production Geologist in Mineral Resources Industry, Multidisciplinary disciplines (Resource Federalism, Sustainable/Ethical Mining), Ore Deposit Type, Mineral Exploration (Geology, Geochemistry, Geophysics), Drilling Program, Geological Data Management System and Data QAQC, Resource Geology, Grade Control and Reconciliation.

“သင်တန်းတက်ရောက်နိုင်သူများနှင့်သတ်မှတ်ချက်များ”

  • ဘူမိဗေဒဘာသာရပ်အထူးပြုဖြင့် နောက်ဆုံးနှစ်၊ ဒုတိယနှင့် တတိယနှစ် ဂုဏ်ထူးတန်း နှင့် မဟာသိပ္ပံ၊ ပါရဂူ သင်တန်းများတက်ရောက်နေသူ CDM ကျောင်းသူကျောင်းသား များ၊
  • အသုံးချဘူမိဗေဒ သင်တန်းများတက်ရောက်နေသူ CDM ကျောင်းသူကျောင်းသားများ၊
  • အစိုးရဌာနများမှ သယံဇာတရှာဖွေထုတ်လုပ်ရေး CDM ဘူမိဗေဒပညာရှင်များ၊
  • သင်တန်းတက်ရောက်သူများသည် သင်တန်းအချိန်အားလုံး တက်ရောက်၍ သင်ခန်းစာဆိုင်ရာ အကဲဖြတ်မှုများ အားလုံးကို မပျက်မကွက် ပြုလုပ်ရမည်။
  • သင်တန်းတက်ရောက်လိုသူများသည် အောက်တိုဘာလ ၇ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်။

*စာရင်းပေးသွင်းရန် – https://docs.google.com/forms/d/e/1FAIpQLSd4yrtSTprvBDvinCvfc4UXNFTjv-ihbY_GR4KONB7NZvHB0A/viewform?usp=sf_link

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ