ဒေသခံပြည်သူအစုအဖွဲ့ထိန်းသိမ်းရေးနယ်မြေ (CCA/ICCAs)

မြန်မာနိုင်ငံရှိ ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များ၊ ၎င်းတို့နေထိုင်ရာ အနီးအနားကနယ်မြေ (Territory) များသည် သဘာဝသယံဇာတ ပေါကြွယ်ဝရာဒေသများဖြစ်ကြပြီး ဒေသခံတိုင်းရင်းသားတို့ အတွက် စားဝတ်နေရေးနှင့် အသက်ရှင်နေထိုင်မှုပြုရာ ဘဝအခြေခံအုတ်မြစ်ဖြစ်သည်သာမက၊ ၎င်းတို့၏ မိရိုးဖလာ ယဉ်ကျေးမှု စတင်ရာ၊ သမိုင်းအထောက်အထားများ တည်ရှိရာ၊ ဘိုးဘွားအမွေ အနှစ်နှင့် အထွဋ်အမြတ်ထားရာ အိမ် (Home of life) ဖြစ်ပါသည်။

ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များနှင့် ၎င်းတို့၏နယ်မြေများမှာ ခွဲခြားလို့ မရအောင် အတူတကွ စည်းနှောင်ထားရှိပြီး ပြည်သူအစုအဖွဲ့များသည် အဆိုပါ နယ်မြေဆိုင်ရာခံစားခွင့်များအပေါ် မူရင်းပိုင်ရှင် များ ဖြစ်ပါသည်။

၎င်းအပြင်  ဒေသခံတိုင်းရင်းသားများ၏ သိမြင်နားလည်မှု/ဗဟုသုတ (Indigenous Knowledge) သည် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်များ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးလှပေသည်။

ဒေသခံတိုင်းရင်းသားပြည်သူများက ၎င်းတို့နယ်မြေများကို ဦးဆောင်ပါဝင် စီမံအုပ်ချုပ်ခြင်းဖြင့် ရေရှည် တည်တံ့သည့် ထိန်းသိမ်းရေးရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏အခန်းကဏ္ဍကို ဥပဒေအရ အသိအမှတ်ပြုပြီး ဦးဆောင်မှုမြှင့်တင်ပေးရမည့်အချိန် ရောက်လာပြီဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံတိုင်းရင်းသားလူမျိုးများ၊ ပြည်သူအစုအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့်စပ်လျဉ်း၍ မူဝါဒ၊ ဥပဒေများနှင့် ညွှန်ကြားချက်များ ပြဌာန်း ထားရှိပါသည်။

အစိုးရဌာနများသည် ဥပဒေအရ ထုတ်ပြန်ကြေငြာထားပြီးသော ဧရိယာများအတွင်းသာ သတ်မှတ်ထားသော ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြသော်လည်း အဆိုပါဧရိယာထက်ပိုမိုကျယ်ပြန့်သော နယ်မြေများကို ထိန်းသိမ်းရာတွင် ဒေသခံများက ပိုမိုလုပ်ကိုင်နိုင်စွမ်းရှိကြကြောင်း ရေးသားထားသည့် ဆောင်းပါးအပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ