“၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ဆွေးနွေးပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် “တစ်ခုတည်းသောမြေကမ္ဘာ သက်ရှိလောကသဘာဝ ညီညွတ်မျှတ လူမှုဘဝ အာဏာရှင်စနစ်က ရုန်းထွက်ကြ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်      ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာနတို့မှ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက် (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းတို့မှ ဆွေးနွေးပြောကြားခဲ့ပြီး တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူ သရုပ်ဆောင် မြနှင်းရည်လွင်က Moderator အဖြစ် ပါဝင်အားဖြည့် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Public Voice TelevisionRadio NUGD-Day Channel နှင့် Our Tomorrow – ငါတို့မနက်ဖြန် Facebook စာမျက်နှာတို့တွင် ထုတ်လွှင့်ခဲ့ပါသည်။