၂၀၂၁ ခုနှစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူထုလှုပ်ရှားမှုတွင် ပါဝင်မှုအား ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခြင်း

မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ…ဒီနေ. ၅-၆-၂၀၂၁ ရက်နေ့ ဟာကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဘဲဖြစ်ပါတယ်၊

“ဂေဟစနစ်ပြန်လည်တည်ထောင်ဖို့ သစ်ပင်စိုက်ကြစို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ပြည်သူတစ်ရပ်လုံးပါဝင်စို့”

ဆောင်ပုဒ်နှင့်အညီ သစ်ပင်စိုက် လူထုလှုပ်ရှားမှု (Green Campaign) တွင်ပါဝင်ဆင်နွှဲခဲ့သည့် မိဘပြည်သူများ၏ ဓါတ်ပုံများအား ကျနော်တို့ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြအပ်ပါတယ်၊ 

ဒီနေ့သစ်ပင်စိုက်လူထုလှုပ်ရှားမှုတွင် ပါဝင်ပြီး ဓာတ်ပုံများကို လူမှုမီဒီယာများပေါ်တွင် မျှဝေ​ပေးကြပါလို့ ထပ်မံဖိတ်ခေါ်ပါရစေ 

ပေးပို့လာတဲ့ ဓါတ်ပုံ ရာ/ ထောင်ချီနေတဲ့အတွက် Facebook စာမျက်နာပေါ်တွင် အကုန်တင်ပြပေးနိုင်ခြင်းမရှိတာကိုတော့ နားလည်သည်းခံပေးကြပါခင်ဗျ။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ