အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာ အသုံးပြု၍ သစ်တောသယံဇာတ များအား စောင့်ကြည့်စစ်ဆေးခြင်း ဗီဒီယိုသင်ခန်းစာ မျှဝေခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဝန်ထမ်းများအား အဝေးမှစူးစမ်းလေ့လာခြင်း (Remote Sensing) နည်းပညာအသုံးပြု၍ သစ်တောသယံဇာတများ စောင့်ကြည့်စစ်ဆေးခြင်းပညာရပ် မျှဝေခဲ့ရာတွင် နွေဦးတော်လှန် ရေးတွင် အရပ်သားနေထိုင်ရာ အရပ်ဒေသများအား မီးရှို့ခံရမှု အမြင့်ဆုံးဖြစ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော “စစ်ကိုင်းတိုင်းဒေသကြီး” ကို နမူနာဧရိယာသတ်မှတ်၍ သစ်တောသယံ ဇာတဆန်းစစ်လေ့လာခြင်းကို သရုပ်ပြဆောင်ရွက်ပေးထားသည့် ဗီဒီယိုသင်ခန်းစာအား စိတ်ဝင် စားသူ အများပြည်သူများ လေ့လာနိုင်ပါရန် မျှဝေအပ်ပါသည်။

အဘက်ဘက်မှ ပါဝင်ကူညီပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ