သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Twitter စာမျက်နှာအကောင့်သစ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အစီရင်ခံစာများနှင့် အသိပညာပေး အကြောင်းအရာများကို ဝန်ကြီးဌာန၏ အင်တာနက်/လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်လျက်ရှိပါသည်။

သတင်းအချက်အလက် စီးဆင်းမှု ပိုမိုထိရောက်မြန်ဆန်ရေးအတွက် ဝန်ကြီးဌာန၏ Twitter Account အား ထပ်မံဖွင့်လှစ်ထားရှိပြီးဖြစ်ပါသဖြင့် တော်လှန်ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ဝင်ရောက်ဖတ်ရှု/မျှဝေနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

MONREC Official Twitter Account:

https://twitter.com/MONREC_NUG

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ