၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ ၊ နံနက် (၉) နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်ဖြစ်သည့် မြောင်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ဒီပဲယင်း၊ ဘုတလင်၊ အင်းတော်၊ ကျွန်းလှ၊ ချောင်းဦး၊ ကောလင်း၊ မော်လိုက်၊ ဝန်းသို၊ ထီးချိုင့်၊ တန့်ဆည်၊ ခင်ဦး၊ မြင်းမူ၊ ဟုမ္မလင်း၊ ဆားလင်းကြီး၊ ကလေးဝ၊ လေရှီး၊ ပင်လယ်ဘူး၊ အရာတော်၊ မုံရွာ၊ ကလေး၊ တမူး၊ မင်းကင်းနှင့် နာဂမြို့နယ်များမှ ပ.က.ဖ၊ ပ.အ.ဖ၊ TAB-NR အဖွဲ့များနှင့် Zoom Meeting ဖြင့် တွေ့ဆုံကာ ဝန်ကြီးဌာနမှ ကြားကာလအတွင်း ထုတ်ပြန်ထားသည့် သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ ဖမ်းဆီးရမိ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ TAB-NR ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များအား လိုအပ်သည့် ရုံးလုပ်ငန်းဆိုင်ရာ ပုံစံများနှင့်တကွ ရှင်းလင်းခဲ့ပါသည်။
မြို့နယ်အဖွဲ့များမှလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းကာ မြေပြင်တွင် တွေ့ကြုံရသည့် သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲ၊ အတွေ့အကြုံများကို ပြန်လည်ဆွေးနွေးခဲ့သည်။
နံနက် (၁၁:၃၀) နာရီတွင် တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး တက်ရောက်သူ စုစုပေါင်း (၆၅) ဦး ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
