ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ် ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  (၁၃)ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “သယံဇာတကိစ္စတွေ ဆောင်ရွက်ကြရာ မှာ ကြားကာလ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ခိုင်ခိုင်မာမာထားရှိကြဖို့နှင့် တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း၊  သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်း တွေမှာ အခက်အခဲ အကြပ်အတည်းများ ရှိနေသော်လည်း အဆိုပါအခက်အခဲများကို မည်သို့ ရင်ဆိုင်ကျော်လွှားကြမည်ဆိုသည့် ဆုံးဖြတ်ချက်မျိုးချမှတ်နိုင်အောင် အဖွဲ့ဝင်ဝန်ကြီး ဌာနများ အားလုံး ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ကြောင်း၊ တော်လှန်ရေးကာလဖြစ်သည့် အားလျော်စွာ မြေပြင်တွင် လိုက်လျောညီထွေဖြစ်စေမည့် မူဝါဒများကို ပြင်ဆင်ချမှတ်နိုင်ဖို့လည်း အရေကြီး ကြောင်း၊  မိမိတို့ တော်လှန်ရေး အောင်မြင်ရန်အတွက် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံတို့မှ သက်ဆိုင် ရာဝန်ကြီးဌာနအသီးသီးက ကျရာခန်းကဏ္ဍမှနေ၍ စုပေါင်းပါဝင် အားဖြည့်နေကြတာ အားရစရာ ကောင်းပါကြောင်း၊ ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိလာနေတာ တွေ့ရပါကြောင်း၊ လက် နက်ကိုင်တော်လှန်ခုခံရေးကို ရွေးချယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ် ကြာနေလို့ မဖြစ်ပါကြောင်း၊ လုပ်စရာရှိတာတွေကို အချိန်ကန့်သတ်ချက်နဲ့ မြန်မြန်ပြီးအောင်လုပ် ဆောင်ကြဖို့ အရေးကြီးပါကြောင်း၊ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုအပိုင်းတွေကိုလည်း ပြည်ထောင်စုအစိုး ရနှင့် ဒေသန္တရအစိုးရတို့ စီမံခန့်ခွဲရမည့်ကဏ္ဍများကို တိတိပပ ခွဲခြား သတ်မှတ်ထားဖို့ အရေးကြီးပါကြောင်း၊ မြို့နယ်များကိုလည်း နားလည်သဘောပေါက်အောင် ရှင်းပြထားဖို့ အထူးလိုအပ်ပါကြောင်း၊ အထက်နဲ့အောက် အချိတ်ဆက်မိမိ လှုပ်ရှားနိုင်မှသာ အောင်မြင်မှုရရှိမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မိမိတို့အားလုံး တွန်းတွန်းတိုက်တိုက်ဖြင့် တက်ညီလက်ညီ အတူကြိုးစား လုပ်ဆောင်သွားမှသာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ပြီး နွေဦးတော်လှန်ရေး အမြန်အောင်မြင်မှာ ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့သည်။

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ပြီး တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပါသည်။ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် မှတ်တမ်းဓာတ်ပုံ ရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ