၁၆-၆-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ ZOOM မှတစ်ဆင့် တွေ့ဆုံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြော ကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာတွင်
- CDM ဝန်ထမ်းများသည် ဝန်ထမ်းဖြစ်အောင် ကြိုးစားခဲ့၊ ရင်းနှီးမြှုပ်နှံခဲ့ရခြင်းများကို တော်လှန်ရေးအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတွင် ပါဝင်သူ များအနေဖြင့် မိသားစုနှင့် ဝေးကွာနေကြပါကြောင်း၊ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသူများ ဖြစ်သည့်အတွက် CDM ဝန်ထမ်းအားလုံးကို လေးစားပါကြောင်းနှင့် ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည် ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
- CDM ထောက်ပံ့ကြေးများ ပေးနေသော်လည်း အားလုံးကို မလွှမ်းခြုံနိုင်သေးပါကြောင်း၊ ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် တောင်းပန်လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရေးပေါ် အထောက်အပံ့အကူအညီများကိုလည်း ဦးစားပေး ထောက်ပံ့ပေးနေပါကြောင်း၊ CDM Success Committee က CDM ရေးရာကိစ္စများကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊
- တော်လှန်ရေးအတွက် စစ်ရေးပိုင်းတွင် ဦးစားပေးဆောင်ရွက်နေရသဖြင့် CDM ထောက်ပံ့ မှုအားနည်းခြင်းဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု များစွာရှိကြောင်း၊ တော်လှန်ရေး အမြန်ဆုံးပြီးဆုံးရေး စောင့်မျှော်နေကြသည်ကို နားလည်ပါကြောင်း၊
- တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေရရှိရေး တရားမဝင်သစ်ဖမ်းဆီးခြင်း/ သယံ ဇာတတူးဖော်ခြင်းများအပေါ် ဒဏ်ကြေးကောက်ခံခြင်းမှ တစ်ဖက်တစ်လမ်း ဆောင်ရွက် နေပါကြောင်း၊ တော်လှန်ရေး ရန်ပုံငွေများကို ထိရောက်စွာ သုံးစွဲနိုင်ရေး စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက စီမံလျက်ရှိကြောင်း၊ ယခင်တော်လှန်ရေးများတွင် ကိုယ်ထူကိုယ်ထ ရန်ပုံငွေ ရှာဖွေနိုင်ခြင်းမရှိခဲ့သော်လည်း ယခုတော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီဖြစ်ကြောင်း၊ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်နိုင်ပြီဖြစ်ကြောင်း၊ တော်လှန်ရေး အောင်မြင်ရန် နည်းပညာ အနေဖြင့် ယခုတော်လှန်ရေးတွင် ကိုယ်တိုင်လက်နက်များ ထုတ်လုပ်နိုင်ပြီး Drone များလည်း ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ NUG အနေဖြင့် တော်လှန်ရေး အောင်မြင်ရန် အစဉ်တစိုက် ဆောင်ရွက်နေပါကြောင်း၊ အချို့ကိစ္စရပ်များကို လျှို့ဝှက်အနေဖြင့် ချပြ နိုင်ခြင်းမရှိသေးပါကြောင်း၊
- CDM များအနေဖြင့် စိတ်ဓါတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲသွား စေလိုပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် CDM ဝန်ထမ်းများက ဝန်ကြီး ဌာနအနေဖြင့် သယံဇာတအခွန်၊ ဒဏ်ကြေးကောက်ခံမှုများ ဆောင်ရွက်နေသည့် နေရာ များနှင့် အခြေအနေများ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုင်ရာ အကြောင်း အရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ထမ်း များကို သင်တန်းပို့ချခြင်းဆိုင်ရာ ကိစ္စရပ်များ၊ CDM ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို မေးမြန်းခဲ့ကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် သစ်တော/ပတ်ဝန်းကျင်ဆိုင်ရာ အတွင်းဝန်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခြင်းအစီအစဉ်သို့ ဝန်ကြီးဌာနရှိ လုပ်ငန်း/ဦးစီးဌာန အသီးသီးမှ CDM (၆၄) ဦး တက်ရောက်ခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ