အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ၏ (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ စီမံမှုဖြင့် ခရိုင်အတွင်းရေးမှူး၊ ခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တာဝန်ခံ၊ ခရိုင်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ တာဝန်ခံ၊ ခရိုင်ဘဏ္ဍာရေးတာဝန်ခံ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံ၊ မြို့နယ် (ပ.က.ဖ) တာဝန်ခံ၊ မြို့နယ် (ပ.လ.ဖ) တာဝန်ခံ၊ မြို့နယ်သယံဇာတအဖွဲ့၊ မြို့နယ် (ပ.အ.ဖ) (ပ.က.ဖ) (ပ.လ.ဖ) အဖွဲ့များ ၊ ပြည်သူ့ အခြေပြုကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ မြင်းမူမြို့နယ်၊ ကျေးရွာ (၅) ရွာ တွင် အရိပ်ရပင်များဖြစ်သည့် စိန်ပန်း၊ ယင်းမာ၊ ကျွန်း၊ မယ်ဇယ်၊ မဟော်ဂနီနှင့် တယ်ပင် စုစုပေါင်း (၁၅၀၀) ကျော် စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ